သုတ်ရည်မှာ ပရိုတင်းဓာတ်တွေ တကယ်ပဲ ပါဝင်နေတာလား

သုတ်ရည်မှာ ပရိုတင်းဓာတ်တွေ တကယ်ပဲ ပါဝင်နေတာလား


အမျိုးသားတွေမှာ သဘာဝအရ လိင်စိတ်တက်ကြွနေတဲ့အချိန်ဆို သုတ်ရည်ထွက်လာတတ်ကြပါတယ်။သုတ်ရည် မှာ မျိုးဆက်ပွါးကျန်းမာရေးအတွက်အရေးကြီးတဲ့ သန်းနဲ့ချီတဲ့ သုတ်ကောင်လေးတွေရယ် အရည်ကြည်ရယ်ပါဝင်ပါတယ်။သုတ်ရည်ရဲ့ ၂၀ ရာခိုင်နှုန်းကတော့ သုတ်ပိုးကောင်တွေဖြစ်ပြီး ၈၀ ရာခိုင်နှုန်းကတော့ ရေဓာတ်နဲ့ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

သုတ်ရည် က ပရိုတင်းဓာတ်ပါဝင်လားဆိုတာ မရေးပြခင်တခြားပါဝင်တဲ့ဓာတ်တွေအကြောင်းဖော်ပြပေးချင်ပါတယ်။သုတ်ရည်မှာသကြားဓါတ်၊ဆိုဒီယမ်ဆားဓာတ်၊အချဉ်ဓာတ်၊ဇင့်ဓါတ်၊ကယ်လ်စီယမ်၊မဂ္ဂနီဆီယမ်၊ပိုတက်စီယမ်၊ယူရီးယားနဲ့လက်တစ်အက်စစ်ဓာတ်တွေ ပါဝင်ပါတယ်။စားသောက်တဲ့အစားအသောက်တွေပေါ်မူတည်ပြီး အနံ့ပြောင်းနိုင်သလို အပျစ်အကြဲလည်း ပြောင်းနိုင်ပါတယ်။ဒါပေမယ့် သုတ်ရည်မှာပါဝင်တဲ့ပရိုတင်းဓာတ်တွေက အာဟာရပြည့်ဝလောက်တဲ့အထိ မပါပါဘူး။

သုတ်ရည် 100 ml မှာဆိုရင် ပရိုတင်း 5040 mg ပါဝင်ပါတယ်။အမျိုးသားတစ်ယော က်သုတ်ရည်တခါညှစ်ထုတ်ရင် 5-10 ml ထွက်ပါတယ်။အကြမ်းဖျဉ်းအားဖြင့် ဆန္ဒပြီးမြောက်တိုင်းသုတ်ရည်တခါထွက်စာမှာ ပရိုတင်း 250-500 mg ပါတယ်ဆိုတဲ့ သဘောပါပဲ။ကယ်လိုရီ အနေနဲ့ တွက်ပြရရင်တော့ 10-50 ကယ်လိုရီလောက်ပေါ့။ပါဝင်တဲ့ဓာတ်တွေဟာ လူတစ်ယောက်ရဲ့ တနေ့တာ လိုအပ်တဲ့အာဟာရကို ဖြည့်စွမ်းပေးနိုင်လောက်တဲ့အထိတော့ မရှိပါဘူး။

အမျိုးသားနဲ့ အမျိုးသမီး တူတူနေတဲ့အခါ သုတ်ရည်မျိုချခြင်း၊မမျိုချခြင်းက ၂ ဦးသဘောတူပဲဖြစ်ပါတယ်။သုတ်ရည်မမျိုချဘဲ ဆန္ဒပြီးမြောက်သွားတဲ့စုံတွဲတွေ အများကြီးရှိပါတယ်။ သုတ်ရည်ကတဆင့် လိင်နဲ့ပတ်သက်တဲ့ကူးစက်ရောဂါတွေလည်း ဖြစ်နိုင်တာမို့ အကျိုးနဲ့အပြစ်ကို သတိထားဆင်ခြင်နိုင်အောင် ရေးသားလိုက်ရပါတယ်။



သုတ်လွှတ်မြန်တာ ရောဂါလား