သားဥအိမ်ရေအိတ်တည်ခြင်း

သားဥအိမ်မှာ ရေအိတ်တွေတည်ခြင်းလို့ခေါ်တဲ့ polycystic ovarian syndrome အကြောင်းကို ကြားဖူးကြလား။သူကတော့ သားဥအိမ်မှာ အရည်အိတ်တွေ ပုံမှန်ထက်များနေတဲ့ရောဂါတခုဖြစ်ပါတယ်။အမျိုးသမီး 100 မှာ 15 ယောက်ဖြစ်လေ့ရှိတဲ့ရောဂါ ဖြစ်ပြီး အဝလွန်တာ၊အမွှေးအမျှင်အထူကြီးထွက်တာ၊ဝက်ခြံပေါက်တာ၊မောပန်းလွယ်တာ၊တင်ပါးဆုံရိုးခွင်အောင့် တာ၊ရာသီမမှန်တာနဲ့ အရေပြားမှာ ဒဏ်ရာအလွယ်တကူဖြစ်တာ အစရှိတဲ့လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။ဒါ့အပြင် ဒီရောဂါရှိတဲ့သူတွေမှာ ဆီးချိုနဲ့သွေးတိုးရောဂါ တွဲဖြစ်နိုင်ချေလည်း အရမ်းများပါတယ်။

PCOS က ဘာဖြစ်လို့ဖြစ်ရလဲအဖြေရှာကြည့်တဲ့အခါ ခန္ဓာကိုယ်မှာ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ estrogen, progesterone တွေ နည်းသွားပြီး အမျိုးသားဟော်မုန်း androgen နဲ့ testosterone တွေများပြားလာခြင်းကြောင့်ဖြစ်ပါတယ်။အမျိုးသမီးဟော်မုန်းတွေနည်းတဲ့အတွက် တစ်လတခါမျိုးဥကြွေပြီးရာသီပုံမှန်လာတာမရှိတော့သလို ကလေးရနိုင်ဖို့လည်း အရမ်းခက်ပါတယ်။Androgen တွေများတဲ့အတွက် မိန်းကလေးဖြစ်ရက်နဲ့နှုတ်ခမ်းမွှေး၊မုတ်ဆိတ်မွှေးတွေ အများကြီးပေါက်ပြီး ဂျိုင်းမွှေး၊ဆီးခုံမွှေးတွေကအစ မတရားသန်ပါတယ်။ဒါပေမယ့် PCOS ရောဂါရှိသူတိုင်း ခုဖော်ပြထားတဲ့ရောဂါလက္ခဏာအကုန်ခံစားရတာမဟုတ်ပါဘူး။

ကုသမှုမှာ အရေးအကြီးဆုံးကတော့ ဝတဲ့သူဆိုရင် weight ချဖို့ လိုအပ်ပါတယ်။ကစီဓာတ်နဲ့ သကြားဓာတ်များတဲ့ အစားအစာတွေမရှောင်နိုင်ရင်တောင် လျှော့စားရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်ရဲ့ အဆီတွေကနေ ပိုဆိုးစေနိုင်လို့ပဲဖြစ်ပါတယ်။ဒါ့အပြင် စိတ်ဖိစီးမှုနည်းအောင်လည်းနေထိုင်ရပါမယ်။စိတ်ဖိစီးမှုများခြင်းက ရောဂါကိုပိုဆိုးစေတဲ့ အမျိုးသားဟော်မုန်းများများထွက်အောင် လှုံ့ဆော်ပေးသလိုဖြစ်နေလို့ပဲဖြစ်ပါတယ်။အိပ်ချိန်မှန်မှန်အိပ်ပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖို့ကလည်း ဟော်မုန်းတွေညီမျှစေဖို့ အဓိကအချက်ပါပဲ။

ဒါတင်မကဘဲ သောက်ဆေးတွေနဲ့ သားဥအိမ်ကအရည်အိတ်တွေကို အပေါက်ဖောက်ပြီးခွဲစိတ်တာမျိုးလုပ် ရပါသေးတယ်။PCOS ရောဂါဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်ဆူလင်ဓာတ်တုံ့ပြန်မှုမလုပ်နိုင်လို့  သွေးတွင်းသကြားဓာတ်များလာတာဖြစ်တဲ့အတွက် ကုသနည်းစနစ်ထဲမှာ သကြားဓာတ်ထိန်းတဲ့သောက်ဆေးဖြစ်ဖြစ်၊ထိုးဆေးဖြစ်ဖြစ် ကုသမှုမှာထည့်သွင်းလေ့ရှိပါတယ်။ဒါ့အပြင် ဟော်မုန်းထိန်းညှိဆေးတွေကိုလည်း ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့အညီသောက်ရတာမျိုးလည်းရှိပါတယ်။

တကယ်တော့ ကုသမှုကိုစနစ်တကျခံယူရင် PCOS ရှိတဲ့အမျိုးသမီးတွေမှာဆိုရင် မျိုးဥပုံမှန်အတိုင်းကြွေပြီး ကလေးရတဲ့သက်သေအထောက်အထားတွေအများကြီးရှိနေပြန်ပါတယ်။ဒါကြောင့်မို့ အမျိုးသမီးတစ်ယောက်အနေနဲ့ ရာသီမမှန်တာ၊ဗိုက်အောင့်တာ၊ဝက်ခြံအလွန်အမင်းထွက်တာမျိုးဆိုရင် ကိုယ့်ဘာသာကျိတ်မှိတ်မခံစားနေဘဲ သားဖွားမီးယပ်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ရောဂါပျောက်ကင်းအောင်ကုသသင့်ပါတယ်။

ဒါ့အပြင် ကျွန်မတို့ My-Medicine မှာ December လကုန်အထိ သားဖွားမီးယပ်ဆရာဝန်ကြီးများနှင့်ဆွေးနွေးပြသမှုတိုင်းအတွက် 20% ထိသက်သာခွင့်လဲရှိပါသေးတယ်နော်…

သားဖွားမီးယပ်ဆရာဝန်ကြီးများနှင့်ပြသရန် - https://mymedicine.com.mm/r/OGDecember


သေချာဖြေရှင်းသားအိမ်အလုံးတည်ခြင်း