သေချာဖြေရှင်းသားအိမ်အလုံးတည်ခြင်း

သေချာဖြေရှင်းသားအိမ်အလုံးတည်ခြင်း


(၁)သားအိမ်မှာ အလုံးတွေ့တယ်ပြောတယ်...လက်ထပ်ထားတာ ကြာနေပြီ....ကလေးရနိုင်ပါဦးမလား?

သားအိမ်မှာအသားလုံးရှိတဲ့ အမျိုးသမီးတစ်ယောက် ဟာ အသားလုံးတည်နေရာပေါ်မူတည်ပြီး တခါတလေ ကိုယ်ဝန်ရဖို့ ခက်ခဲနိုင်ပါတယ်။အသားလုံးတည်နေရာက မျိုးဥလေးနဲ့သုက်ကောင်တွေ့ဆုံပြီး ဆင်းလာရာ လမ်းကြောင်းတည့်တည့်မှာရှိနေရင်တော့သန္ဓေသားဖြစ်နေတဲ့အလုံးလေးဟာ သားအိမ်နံရံမှာ တွယ်ဖို့ ခက်ခဲနေတတ်ပါတယ်။


(၂)သားအိမ်အလုံးရှိနေလို့ ကလေးမွေးရင် ရိုးရိုးမွေးလို့ရပါ့မလား?

ကိုယ်ဝန်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့သားအိမ်မှာ အသားလုံးရှိနေရင်တော့ ကလေးကြီးထွားမှုနှုန်းကို အနှောင့်အယှက်ဖြစ်တာနဲ့ မီးဖွားချိန်မှာ ခက်ခဲတာမျိုးဖြစ်တတ်ပါတယ်။အသားလုံးရှိနေတာကြောင့် မွေးလမ်းကြောင်းတည့်တည့်မှာ ပိတ်နေတတ်တာမျိုး၊မွေးချိန်မတိုင်ခင် ညှစ်မိနေတာမျိုးတို့ကြောင့် ခွဲမွေးဖို့ကို ညွှန်ကြားလေးရှိပါတယ်။သားအိမ်အသားလုံးရှိခြင်းဟာ ကိုယ်ဝန်နုနေစဉ်မှာ ကလေးပျက်ကျတဲ့အထိ စိုးရိမ်ရနိုင်လို့ပိုသတိထားပြီး စောင့်    ကြည့်ဂရုစိုက်လေ့ရှိပါတယ်။


(၃)သားအိမ်အလုံးရှိတော့ ယောင်္ကျားယူလို့ရနိုင်လား?

သားအိမ်အလုံးရှိပေမယ့် လက်ထပ်လို့ရပါတယ်။ယောင်္ကျားယူလို့ရပါတယ်။ကလေးလည်း ရနိုင်ပါသေးတယ်။သာမန်အမျိုးသမီးတွေလိုပဲ ကလေးယူဖို့ ကြိုးစားလို့ရပါတယ်။


သားအိမ်အလုံးရှိတာ က ကင်ဆာရောဂါလည်း မဟုတ်သလို သေသည်အထိလည်း မဖြစ်နိုင်ပေမယ့် အလုံးရှိတဲ့အတွက်ကြောင့်

-သွေးအတုံးအခဲတွေနဲ့ ရာသီအများကြီးဆင်းလေ့ရှိခြင်း

-ပုံမှန်ထက် ရက်ကြာပြီး ရာသီလာခြင်း

-ရာသီလာနေစဉ် ဆီးစပ်ကမခံမရပ်နိုင်အောင် ထိုးအောင့်ခြင်း

-ဆီးခဏခဏသွားခြင်း

-ဆီးကျန်သလိုခံစားရခြင်း

-ဝမ်းချုပ်ခြင်း

-ခါးနာခြင်း နဲ့ 

-အမျိုးသားနှင့်လိင်ဆက်ဆံသည့်အခါ အလွန်အမင်းနာကျင်ခြင်း တို့ ဖြစ်တတ်ကြပါတယ်။


သားအိမ်အလုံးဆိုတာ သားအိမ်ထဲမှာရှိတဲ့အသားစိုင်တွေကနေ ပုံမှန်မဟုတ်တဲ့ ကြီးထွားခြင်းမျိုးနဲ့ အသားပိုအလုံးလေးတွေ ဖြစ်လာတာကိုဆိုလိုခြင်းဖြစ်ပါတယ်။သားအိမ်နံရံအတွင်းမှာ ဖြစ်သလို သားအိမ်အပြင်ကနေ အညှာလိုက်လေး တွဲလောင်းကျနေတဲ့အလုံးမျိုးလည်းရှိပါတယ်။အသေးဆုံးကတော့ ဖရဲစေ့အရွယ်ကနေ အကြီးဆုံး စိုက်ခင်းထဲက ဖရဲသီးလောက်ထိ ကြီးနေတတ်ပါတယ်။

သားအိမ်အလုံးတည်ခြင်း ဖြစ်ရတဲ့အကြောင်းရင်းကတော့ အမျိုးသမီးဟော်မုန်းlevel estrogen နဲ့ progesterone မညီမျှခြင်းကြောင့်ဖြစ်ပြီး သွေးဆုံးသွားတဲ့အမျိုးသမီးတွေနဲ့ ရာသီသွေးစမပေါ်သေးတဲ့အပျိုဖော်အရွယ်မိန်းကလေးတွေမှာ ဖြစ်လေ့မရှိပါဘူး။အထူးသဖြင့် အသက် ၃၀-၅၅ ကြား ရာသီသွေးလာတာစောပြီး သွေးဆုံးနောက်ကျတဲ့အမျိုးသမီးတွေနဲ့အမေ၊အစ်မနဲ့အဒေါ်တွေမှာ သားအိမ်အလုံးရှိသူမျိုးရိုးတွေမှာ သတိထားစစ်ဆေးသင့်ပါတယ်။

သားအိမ်အလုံးရှိတယ် သံသယရှိရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြကိုပြသရပါမယ်။ဆရာဝန်ကြီးမှ တဆင့် ဗိုက်ပေါ်မှစမ်းသပ်သည့်တယ်လီဗေးရှငိးဓာတ်မှန် သို့မဟုတ် မိန်းမကိုယ်ထဲသို့ ထည့်သွင်းရိုက်ရသည့်တယ်လီဗေးရှင်းဓာတ်မှန်တို့နဲ့ အသားလုံးအရွယ်အစားနဲ့ တည်နေရာ ကို အတည်ပြုစစ်ဆေးပြီး သောက်ဆေး၊ထိုးဆေးနဲ့ ခွဲစိတ်မှု ဘာကိုပြုလုပ်သင့်တယ်ဆိုတာ ဆွေးနွေးကုသပေးပါလိမ့်မယ်။

အတွေးပေါင်းများစွာနဲ့ ချာချာလည်နေမယ့် သားအိမ်အလုံးရှိနေတဲ့ အမျိုးသမီးတွေအနေနဲ့ ကြောက်မနေဘဲ သားဖွားမီးယပ်ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပြသသင့်တယ်နော်။

သားဖွားမီးယပ်နှင့်ပြသရန် - https://mymedicine.com.mm/r/OG




သူမလာတာကြာပြီလား