အလှတပ်မျက်ကပ်မှန်နဲ့ မျက်စိကျန်းမာရေး

အလှတပ်မျက်ကပ်မှန်နဲ့ မျက်စိကျန်းမာရေး


သင်ဟာ မျက်စိအားနည်းလို့ မျက်ကပ်မှန်တပ်နေရတဲ့သူလား(သို့မဟုတ်) မျက်လုံးအရောင်လေးတွေ ပြောင်းလဲရတာကြိုက်လို့ အလှကပ်မျက်ကပ်မှန်တပ်လေ့ရှိသူလား။ဒါဆိုရင်တော့ ယခုဖော်ပြမယ့် အကြောင်းအရာလေးတွေကို ဂရုတစိုက် ဖတ်ရှုစေချင်ပါတယ်။

မျက်ကပ်မှန်ဆိုတာ မျက်ကြည်လွှာကို ဖုံးအုပ်ပြီး တပ်ရတဲ့အရာဖြစ်ပါတယ်။အမြင်အာရုံမှုန်ဝါးပြီး မျက်မှန်တပ်ဖို့ အဆင်မပြေတဲ့သူတွေနဲ့ မျက်လုံးရောဂါရှိလို့ ဆရာဝန်ညွှန်ကြားတဲ့သူတွေမှာ တပ်လေ့ရှိပါတယ်။ဒါ့အပြင် ခေတ်ရေစီးကြောင်းအရ အလှတပ်တဲ့သူတွေလည်း တဖြည်းဖြည်း ပေါများလာပါတယ်။

မျက်ကပ်မှန်မှာဆိုရင် ဖြစ်တဲ့မျက်လုံးအမြင်ပေါ်မူတည်ပြီး ၄ ပတ်ထိတပ်လို့ရတဲ့မျက်ကပ်မှတ်အမျိုးအစားရှိသလို တနေ့ ကို ၁၄-၁၆ နာရီ တပ်လို့ရတဲ့ မျက်ကပ်မှန်အမျိုးအစားတွေလည်းရှိပါတယ်။ရက်ရှည်မချွတ်ဘဲတပ်ဖို့ မျက်စိဆရာဝန်ညွှန်ကြားတာမျိုးမဟုတ်ဘဲနဲ့ ၂၄ နာရီလုံး မျက်ကပ်ကို တပ်မထားသင့်ပါဘူး။

မျက်ကပ်မှန်ကြာရှည်တပ်လေ့ရှိသူတွေဟာ မျက်လုံးနီရဲခြင်း၊မျက်လုံးယားခြင်း၊မျက်လုံးခြောက်ခြင်းတို့ အပြင် မျက်စိရောဂါပိုးကိုပါဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မို့လို့ မျက်ကပ်မှန်တပ်တဲ့လက်ပဲဖြစ်ဖြစ်၊အကူကိရိယာပဲဖြစ်ဖြစ်၊မျက်ကပ််မှန်ချွတ်ပြီး သိမ်းဆည်းလေ့ရှိတဲ့ ဘူးကိုပဲဖြစ်ဖြစ် အထူးသတိပြုပြီး သန့်ရှင်းရေးပြုလုပ်ဖို့လိုအပ်ပါတယ်။

မျက်စိခြောက်ရောဂါရှိသူတွေ၊ဆီးချိုနဲ့အဆစ်ရောင်ရောဂါရှိသူတွေနဲ့  အခြားဓာတ်မတည့်ရောဂါရှိသူတွေဆိုရင် မျက်ကပ်မှန်တပ်ဖို့ တားမြစ်ထားပါတယ်။သန့်ရှင်းရေးအားနည်းလို့ မျက်လုံးထဲပိုးဝင်ပြီဆိုပါက မျက်ရည်ပူကျတာ၊မျက်လုံးရောင်တာ၊မျက်ဝတ်ထွက်တာ၊အမြင်အာရုံပိုဆိုးလာတာအပြင် မျက်စိရာသက်ပန်ခြောက်ခြင်းများကိုပါ ဆိုးဆိုးဝါးဝါး ခံစားရနိုင်ပါတယ်။

ဒါကြောင့်မို့ အလှတပ်မျက်ကပ်မှန်တပ်လေ့ရှိသူတွေအနေနဲ့ လက်သည်းအရှည်မထားသင့်ပါဘူး၊မျက်ကပ်မှန်နဲ့ မအိပ်သင့်ပါဘူး၊တခြားသူမျက်ကပ်မှန်ကို ငှါးရမ်းသုံးစွဲခြင်းမပြုသင့်ပါဘူး၊ဘယ်ဖက်နဲ့ညာဖက်အမြဲမှန်အောင်ထားထားရပါမယ်၊အသုံးပြုပြီးရင်လည်း ဆေးရည်စိမ်ဖို့ မမေ့ရဘူးနော်။အားလုံးပဲ မျက်ကပ်မှန်ကြောင့် မျက်စိပိုးဝင်ခြင်းမှ ကင်းဝေးကြပါစေ။




ဘဝမှာ တခါလောက်တော့ စွံဖူးပြီလား