စိတ်ဖိစီးမှုတွေအတွက်အသုံးဝင်တဲ့ ထိကရုန်းပင်

စိတ်ဖိစီးမှုတွေအတွက် အသုံးဝင် ထိကရုန်းပင်


အမြင်မှာ ချစ်စရာကောင်းပြီး ထိလိုက်တာနဲ့ အရွက်ကားကားလေးတွေ အိပ်ပျော်(ညှိုး)သွားတဲ့ပုံဟန်ဆောင်တတ်တဲ့ ထိကရုန်းပင်လေး ကို မြင်ဖူးကြလား။အပွင့်သေးပန်းရောင်ပန်းပွင့်လုံးလေးပါ ပွင့်တတ်ပြီး လမ်းဘေးနေရာအတော်များများမှာပါ မြင်ရတဲ့ ထိကရုန်းပင်ဟာ ကုန်းထိကရုန်းနဲ့ ရေထိကရုန်းဆိုပြီး ၂ မျိုး ၂ စားရှိပါတယိ။ဒီလိုချစ်စရာကောင်းတဲ့ထိကရုန်းပင်လေး က စိတ်ဖိစီးမှုအတွက် အသုံးဝင်တယ်ဆိုရင်ရော….

တကယ်တမ်းတော့ ထိကရုန်းပင်ရဲ့ အရွက်၊ပင်စည်၊အမြစ်အားလုံး က ကျန်းမာရေးအတွက် အသုံးဝင်ပါတယ်။ရိုးရိုးရှင်းရှင်းလေးပဲ တွေးကြည့်ရင်တောင် ထိကရုန်းပင်လေးအရွက်တွေကားနေတဲ့အချိန် ကိုယ်ကသွားထိလိုက်ရင် အရွက်လေးတွေကပ်ပြီးအိပ်ပျော်တဲ့ပုံစံဖြစ်သွားတာကို ပျော်ကြတယ်မို့လား။ဒါကြောင့်မို့ ငယ်ငယ်ကလေးဘဝတုန်းက တကူးတက သွားထိလိုက်၊အရွက်လေးတွေကားလာတာ(ပြန်နိုးလာတာ)ကို စောင့်လိုက်၊ပြန်ထိလိုက်နဲ့ ပြုံးပျော်ဖူးကြမှာ အသေအချာပါပဲ။ဒီလိုလုပ်ရတာနဲ့တင် စိတ်ဖိစီးကနည်းနည်းသက်သာသလိုတောင် ဖြစ်နေလောက်ပါပြီ။

ဆေးဖက်ဆိုင်ရာအရကြည့်မယ်ဆိုရင်လည်း လေ့လာတွေ့ရှိချက်တွေအရ ထိကရုန်းပင်မှာ antioxidant လို့ခေါ်တဲ့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်စေတဲ့ဓာတ်တွေ၊စိတ်ဖိစီးမှုဖြစ်စေတဲ့ဓာတ်တွေကို လျော့နည်းစေလို့ ဦးနှောက်အာရုံကြောကျန်းမာရေးအတွက် အထူးပင်သင့်လျော်ပါတယ်။စိတ်ပညာအရလည်း ထိကရုန်းပင်ရဲ့ အရွက်လေးတွေကို ထိပေးခြင်းအားဖြင့် ကရုဏာသက်မှု၊စိတ်ပျော်ရွှင်မှုတို့ကို တိုးပွါးစေပြီး စိတ်အေးချမ်းခြင်းကို ရရှိစေပါတယ်။အထူးဂရုစိုက်ဖို့လိုအပ်တဲ့ကလေးတွေကို ထိကရုန်းပင်လေးနဲ့ ဆော့ကစားခိုင်းလိုက်တဲ့အခါမှာလည်းအာရုံကြောပြန်လည်သန်စွမ်းစေပြီး မှတ်ဉာဏ်အားကောင်းလာတဲ့အထောက်အထားတွေလည်းရှိသေးပြန်ပါတယ်။

ဒီလောက်ချစ်စရာကောင်းတဲ့ ထိကရုန်းပင်လေးကို ထိလိုက်လို့ ကျွန်မတို့လူသားတွေကတော့ စိတ်ဖိစီးမှုလျော့ပါးသွားပေမယ့် ထိတာမကြိုက်တဲ့အပင်မို့ အပင်လေးကတော့စိတ်ပြန်ဖိစီးရကြောင်း ထူးထူးဆန်းဆန်းလည်း တွေ့ရှိမိပါသေးတယ်။ဘာပဲဖြစ်ဖြစ် သဘာဝထဲကပျော်ရွှင်စရာတွေကို သတိပြုမိနိုင်ပြီး ရိုးရိုးရှင်းရှင်းနဲ့ပျော်ရွှင်နိုင်ကြပါစေရှင်။


အင်ဥကဘာကောင်းလဲ