သတိပြုသင့်တဲ့ကိုယ်ဝန်အဆိပ်တက်ခြင်း

သတိပြုသင့်တဲ့ကိုယ်ဝန်အဆိပ်တက်ခြင်း


အမျိုးသမီးတစ်ယောက် ကိုယ်ဝန်လွယ်ထားရတဲ့အချိန်ဟာ သိပ်ကို ခက်ခဲလှပါတယ်။တနေ့ကိုသေမင်းနဲ့ စစ် ၇ ခါ ခင်းရတယ်ဆိုသော အဆိုရှိတဲ့အထိ အတိမ်းအစောင်းများလှပါတယ်။ဒါကြောင့်မို့ အတူနေမိသားစုကရော၊မဗိုက်လေးကိုယ်တိုင်ကပါ ကိုးလလွယ်ပြီးဆယ်လမဖွားခင် မိခင်နဲ့သန္ဓေသား ကျန်းကျန်းမာမာရှိနေရေးကို အထူးသတိထားပြီး အစစအရာရာ ဂရုစိုက်ရပါတယ်။

ဒီလို အသေးစိတ်ဂရုစိုက်နေပေမယ့် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ကိုယ်ဝန်ဆောင်ဆီးချိုနဲ့ ကိုယ်ဝန်ဆောင်နှလုံးရောဂါတွေဟာ နဂိုရောဂါအခံရှိသူတွေမှာဖြစ်တတ်သလို ကိုယ်ဝန်စရှိမှ ဖြစ်တတ်တာမျိုးကိုလည်းတွေ့ရတတ်ပါတယ်။ဒီရောဂါတွေထဲကမှ ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ အချင်းကွာခြင်း၊သွေးဆင်းခြင်း၊သန္ဓေသား ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းနဲ့ ကလေးအသေမွေးခြင်းတို့ကိုပါ ဖြစ်စေတဲ့အတွက်သားဖွားမီးယပ်ဆရာဝန်တွေရော ကိုယ်ဝန်ဆောင်မိခင်တွေပါ အထူးစိုးရိမ်ကြပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုသည်မှာ ပထမဆုံးကိုယ်ဝန်နဲ့ အသက်ငယ်တဲ့ကိုယ်ဝန်ဆောင်တွေမှာအဖြစ်များပြီး ကိုယ်ဝန်အပတ် ၂၀ ကျော်၊ ၅ လခန့်မှာ လက္ခဏာစပေါ်လာတတ်ပါတယ်။သွေးတခါမှ မတိုးဖူးတဲ့သူက သွေးတိုးလာခြင်း၊ခြေထောက်နဲ့လက်များဖောယောင်လာခြင်း၊ဆီးအမြှုပ်အရမ်းထပြီး ဆီးထဲမှာအသားဓာတ်တွေ့ရှိရခြင်း၊ခေါင်းခဏခဏထိုးကိုက်ခြင်း၊တက်ခြင်း၊ကယောင်ကတမ်းပြောခြင်း၊အန်ခြင်းအပြင်ကိုယ်တွင်းကလီစာပျက်စီးမှုတွေအထိပါ ဖြစ်နိုင်ပါတယ်။သွေးတိုးရောဂါအခံရှိတဲ့ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုရင်တော့ ဖြစ်နှုန်းပိုများတတ်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်မှ ကုသရတဲ့အခါ သွေးတိုးကျရန်ထိုးဆေးတွေအပြင် အတက်ကျဆေးလည်း သုံးရနိုင်ပါတယ်။ ဒါ့အပြင် သွေးဆင်းခြင်း၊ကလေးမလှုပ်ခြင်း၊ဝမ်းဗိုက်တွင်ပြင်းထန်စွာ ကိုက်ခဲခြင်းနဲ့ ကိုယ်ဝန်ဆောင်မိခင်မျက်စိကွယ်ခြင်းများဖြစ်ပေါ်ပါက သွေးပေါင်ချိန်လည်း တက်နေရင် ကလေးကို မြန်နိုင်သမျှမြန်အောင် မွေးရပါလိမ့်မယ်။ဒါကြောင့်မို့ ကိုယ်ဝန်ဆောာင်မိခင်မှာ သွေးပေါင်နည်းနည်းတက်လာတာနဲ့ ပေါ့ဆမနေသင့်ဘဲ နီးစပ်ရာသားဖွားမီးယပ်ဆရာဝန်နဲ့ပြသပြီး ကုသမှုအမြန်ခံယူသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

ဒါ့အပြင် My-Medicine မှာ 2024နှစ်ကုန်ထိ သားဖွားမီးယပ်ဆရာဝန်ကြီးများနှင့် ဆွေးနွေးပြသပါက 20% discount ရရှိဦးမှာပဲဖြစ်ပါတယ်။

သားဖွားမီးယပ်ဆရာဝန်ကြီးများနှင့်ပြသရန် - https://mymedicine.com.mm/r/OGNov



ကိုယ်ဝန်ဆောင်ချိန်အဖြူဆင်းရင်စိုးရိမ်ရလား