ဒေါသကြီးလွယ်သူတွေဖတ်ဖို့

သင်က ထစ်ခနဲဆို စိတ်တွေထိန်းမရတော့ဘဲ ဒေါသထွက်တတ်သူလား?

ဒေါသထွက်တာ ပုံမှန်ဆိုပေမယ့် မရည်ရွယ်ဘဲ စကားအမှားတွေ ပြောမိတာ၊ ကိုယ်လက်ပါမိတာဆိုတာမျိုးတွေက လုံးဝမဖြစ်သင့်သလို ပတ်ဝန်းကျင်နဲ့ ဆက်ဆံတဲ့အခါမှာလည်း အဆင်မပြေဖြစ်ရပါတယ်။

ဒါကြောင့် အားအားရှိ ဒေါသထွက်နေတာမျိုး မဖြစ်ရအောင် အောက်ကနည်းလမ်းလေးတွေကို သုံးပြီး စိတ်ကိုထိန်းကြည့်ပါနော်…

💢 ဒေါသထွက်လာပြီဆိုတာနဲ့ အသက်ပြင်းပြင်းရှူထုတ်ပြီး စိတ်ကိုထိန်းပါ

💢 1 ကနေ 10 အထိ ရေပါ (အရမ်းစိတ်တိုနေတယ်ဆိုရင် 100 လောက်ထိ ရေပစ်လိုက်ပါ)

💢 ကိုယ့်ကို ဘယ်အရာတွေက ‌ဒေါသထွက်စေတာလဲဆိုတာ ပြန်စမ်းစစ်ပြီး တတ်နိုင်သလောက် ရှောင်ကြဉ်ပါ

💢 တစ်ဖက်လူကို ကိုယ့်ခံစားချက်နဲ့ လိုအပ်ချက်တွေအကြောင်း တည်တည်ငြိမ်ငြိမ်နဲ့ အခိုင်အမာ ပြောပြပါ၊ မအော်ပါနဲ့

💢 ဒေါသတွေပေါက်ကွဲထွက်လာတဲ့အခါ သင့်အာရုံကို ဖြေလျော့ပေးဖို့ သင့်ကို ပျော်ရွှင်စေတဲ့/ စိတ်ငြိမ်စေတဲ့ အရာလေးတွေကို စိတ်ထဲ မြင်ယောင်ကြည့်ပါ

💢 ကိုယ်လက်လှုပ်ရှားပေးတာက စိတ်ခံစားချက်တွေအတွက် ထွက်ပေါက်ဖြစ်စေတာမလို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ

💢 ခံစားနေတာတွေကို ယုံကြည်ရသူတစ်ဦးထံမှာ ရင်ဖွင့်လိုက်တာကလည်း စိတ်ကို ပိုပြီးပြေလျော့စေတဲ့အပြင် ဖြေရှင်းချက်အသစ်တွေတောင် ရလာနိုင်ပါသေးတယ်

ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကိုပြန်လည်စမ်းစစ်ကြည့်လိုက်ချိန်မှာ သင့်အခြေအ‌နေက ‌သာမန်ဒေါသထွက်တာထက် ပိုနေပြီးတော့ အရမ်းဆိုးရွားနေတယ်ဆိုရင်တော့… 

👉🏻 ဒေါသထွက်ချိန်မှာ မရည်ရွယ်ဘဲ ကိုယ့်လုပ်ရက်တွေကြောင့် ချစ်ရတဲ့သူတွေနဲ့ ဆက်ဆံရေး ပိုမိုဆိုးရွားမသွားဖို့ အချိန်မလွန်ခင် professional တွေဖြစ်တဲ့ စိတ်ကျန်းမာရေးဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ အကြံပေးပါရစေ🩺👩‍⚕️

_____________________________________________

My-Medicine မှာဆိုရင် အရည်အချင်းပြည့်မီပြီး အတွေ့အကြုံပြည့်ဝတဲ့ စိတ်ကျန်းမာ‌ရေး အထူးကုဆရာဝန်ကြီးများက online ကနေ စိတ်ရောဂါအခြေအနေမျိုးစုံကို နားထောင်ကုသပေးနေပြီဖြစ်တာမလို့ စိတ်အခြေအနေ အဆင်မပြေဖြစ်နေတဲ့အချိန်မှာ အပြင်ထွက်စရာမလိုဘဲ အိမ်ကနေ သက်တောင့်သက်သာနဲ့ တိုင်ပင်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် December 31 အထိ စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများအတွက် 20% off ရှိကြောင်းလေးကိုလည်း လက်တို့လိုက်ပါစေနော်!


👩‍⚕️ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးများနှင့် ဆေးခန်းပြရန် >>>https://mymedicine.com.mm/r/PsychiatristDec


👩‍⚕️ စိတ်ကုထုံးဆရာဝန်ကြီးများနှင့် ဆေးခန်းပြရန် >>> https://mymedicine.com.mm/r/PsychotherapistDec


စိတ်ဖိစီးမှုကြောင့် တက်ခြင်း