ရေသောက်နည်းရင်ကျောက်ကပ်လေးကိုထိခိုက်မယ်နော်

ရေသောက်နည်းရင် ကျောက်ကပ်လေးကို ထိခိုက်မယ်နော်


ကျွန်မတို့ ကိုယ်တွင်းကလီစာအများကြီးရှိတဲ့အနက်မှ ဆီးနဲ့ပတ်သက်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကတော့ ကျောက်ကပ်နဲ့ ဆီးအိမ်ပဲဖြစ်ပါတယ်။ခန္ဓာကိုယ်က မကောင်းတဲ့အဆိပ်အတောက်တွေကို ကျောက်ကပ်မှတဆင့်စွန့်ပစ်ပြီး သွေးကြောထဲကအာဟာရဓာတ်တွေကိုတော့ကျောက်ကပ်ကိုပြန်ပို့ပါတယ်။ဒါကတော့ ကျောက်ကပ်ရဲ့တနေ့တာ လုပ်ဆောင်တဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။

ကျောက်ကပ်လေးသေချာအလုပ်လုပ်နိုင်ဖို့ က ရေဓာတ်ပြည့်ဝနေဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျောက်ကပ်ကနေ အဆိပ်အတောက်များများစွန့်ပစ်နိုင်ဖို့ ဆီးများများသွားဖို့ လိုအပ်လို့ပါ။ရေဓာတ်ခမ်းခြောက်နေတဲ့အခါ ကျောက်ကပ်ကနေ လိုအပ်တဲ့အာဟာရဓာတ်တွေကိုလည်းမရနိုင်သလို အဆိပ်အတောက်တွေကိုလည်း မစွန့်ပစ်နိုင်ပါဘူး။ဒီလိုမျိုး ရေဓာတ်ခမ်းခြောက်ခြင်းက ကျောက်ကပ်ပျက်စီးခြင်းကို တစနဲ့တစ ဦးတည်လာမှာပဲဖြစ်ပါတယ်။

လူတစ်ယောက်ဟာ ရေကို တနေ့ အနည်းဆုံး ၈ ခခွက်၊ ၂ လီတာနဲ့ အထက်သောက်သုံးသင့်ပါတယ်။ဒါပေမယ့် အသက်အရွယ်၊ရောဂါအခံ၊ရာသီဥတုပေါ်မူတည်ပြီး ရေသောက်ရမယ့်ပမာဏဟာ ဒီထက်ပိုများနိုင်သလို လျှော့သောက်ရတာမျိုးလည်းရှိပါတယ်။ဥပမာ ပူအိုက်တဲ့ရာသီဥတုလိုမျိုးနဲ့နို့တိုက်မိခင်တွေ၊အားကစားသမားတွေဆိုရင် ရေဓာတ်ပိုလိုအပ်သလို ကျောက်ကပ်ပျက်စီးနေတဲ့လူနာတွေနဲ့ ခြေထောက်ယောင်နေတဲ့လူနာတွေမှာဆိုရင် ရေကိုဆရာဝန်ညွှန်ကြားထားတဲ့ပမာဏအတိုင်းသာ သောက်ရမှာပဲဖြစ်ပါတယ်။

ရေဆိုတဲ့နေရာမှာသောက်ရေသန့်သာမက အသီးဖျော်ရည်၊ဟင်းချိုနဲ့ နွားနို့၊ပဲနို့လိုမျိုးအရည်တွေကိုပါသောက်သုံးနိုင်ပါတယ်။ဒါကြောင့်မို့ ကျောက်ကပ်လေး အလုပ်ကောင်းကောင်းလုပ်ပြီး မကောင်းတဲ့ဓာတ်တွေဖယ်နိုင်အောင် ရေများများသောက်ဖို့ မမေ့ကြနဲ့နော်။

ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/nephrကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


မကြာခနဆီးသွားချင်နေမိပြီလား