Adults: 0.5 to 1 g every 4 to 6 hours up to a maximum of 4g daily.
For long-term therapy, the daily dose not to exceed 2.6g, unless the patient is monitored.
Under 3 months: 10mg/kg body wt. (5mg/kg body wt if jaundiced)
3 months to 1 year: 60 to 120mg. 1 to 5 years: 120 to 250mg. 6 to 12 years: 250 to 500mg. Those dosages may be given 3 to 4 times daily.
လူကြီး : ပါရာစီတမော ဆေးပမာဏ ၀.၅ - ၁ ဂရမ်ကို ၄ နာရီ (သို့) ၆ နာရီခြား သောက်သုံးရန် ၊ တစ်ရက်အများဆုံးပမာဏ ၄ ဂရမ်အထိ သောက်သုံးနိုင်ပါသည်။ ရေရှည်ကုသရန် လိုအပ်ရာတွင် လူနာအခြေအနေအရပ်ရပ်အား စောင့်ကြည့်ထားခြင်းမရှိပဲနှင့် တစ်ရက်ဆေးပမာဏ ၂.၆ဂရမ်ထက် ကျော်လွန်မပေးရပါ။
ကလေး: အသက် ၃ လအောက်တွင် ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ပါရာစီတမော ၁၀ မီလီဂရမ် (အသည်းရောင် အသားဝါ ရောဂါ ရှိပါက ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ပါရာစီတမော ၅ မီလီဂရမ်) ၊ အသက် ၃ လ မှ ၁ နှစ်အတွင်း ပါရာစီတမော ၆၀ မီလီဂရမ် မှ ၁၂၀ မီလီဂရမ်၊ အသက် ၁ နှစ် မှ ၅ နှစ်အတွင်း ပါရာစီတမော ၁၂၀ မီလီဂရမ် မှ ၂၅၀ မီလီဂရမ် ၊ အသက် ၆ နှစ်မှ ၁၂ နှစ်အတွင်း ပါရာစီတမော ၂၅၀ မီလီဂရမ် မှ ၅၀၀ မီလီဂရမ်ကို တစ်နေ့ ၃ ကြိမ်မှ ၄ ကြိမ်အထိ သောက်သုံးနိုင်ပါသည်။